မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီလမ်းကြောင်းတစ်ရပ်ဖော်ဆောင်ခြင်း

ပြည်သူများမဲပေးရန်အတွက် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်းစည်းကမ်းကိုကျင့်သုံး၍ တန်းစီစောင့်ဆိုင်းနေစဉ်။ ဓာတ်ပုံ - ပြည့်စုံဝင်း (အေပီ)
၂၀၂၀၊ နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့ရှိ မဲရုံတစ်ခုပြင်ပ၌ မြန်မာမဲဆန္ဒရှင်များစောင့်ဆိုင်းနေကြစဉ်။ ဓာတ်ပုံ - ပြည့်စုံဝင်း (အေပီ)

လီဟတ်မန်း၊ နိုဝင်ဘာ ၁၆၊ ၂၀၂၁

မြန်မာပြည်သူများသည် အစိုးရသစ်တစ်ရပ်ရွေးကောက်တင်မြှောက်ရန်အတွက် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၂၀၂၀၊ နိုဝင်ဘာ ၈ ရက်တွင်ကျင်းပခဲ့ကြသည်။ ပြီးနောက် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်က အာဏာသိမ်း၍ ရွေးကောက်ခံ အစိုးရကိုဖြုတ်ချခဲ့ပြီး လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့်များအပေါ် အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာပြည်သူလူထုကိုထောက်ခံအားပေးရန်နှင့် စစ်အာဏာရှင်အနေဖြင့်တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန်ထားရှိသည့် အမေရိကန်၏ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့သည်။

“ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကိုလေးစာလိုက်နာရေးနဲ့ သူတို့နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုကြီးကို မိမိတို့ဂုဏ်ပြုပါတယ်” ဟု နိုဝင်ဘာ ၇ ရက်ကထုတ်ပြန်သော ကြေညာချက်တွင် ဝန်ကြီးဘလင်ကန်က ထည့်သွင်းပြောကြားခဲ့သည်။

စစ်တပ်၏ “ဆက်လက်လုပ်ဆောင်လျက်ရှိတဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေက လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို ပိုမိုထိပါးနှောက်ယှက်နေခဲ့ပြီး မြန်မာပြည်သူလူထုက ပြတ်သားစွာတောင်းဆိုခဲ့ပြီး ယခုတိုင်တောင်းဆိုလျက်ရှိတဲ့ စစ်မှန်သောဒီမိုကရေစီစနစ်တစ်ရပ်ဆီသို့ ဆယ်စုနှစ်တစ်ခုစာတိုးတက်မှုတွေကို နောက်ကြောင်းပြန်လှည့်စေခဲ့ပါတယ်” “အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်‌ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကိုပြန်လည်ဖော်ဆောင်ဖို့ စစ်အာဏာရှင်ကိုတောင်းဆိုကြောင်း ကျွန်တော်တို့ထပ်လောင်းပြောကြားပါတယ်” ဟု ဝန်ကြီးကထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ ၂၀၂၀၊ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲကို အများလက်ခံယုံကြည်အကြောင်း လွတ်လပ်၍ အမှီအခိုကင်းသော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကထောက်ခံခဲ့ကြသည်။ ဘန်ကောက်အခြေစိုက် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအာရှကွန်ရက်အဖွဲ့က ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများအားတာဝန်ချထား၍လေ့လာစောင့်ကြည့်ရာတွင် “အထွေထွေရွေးကောက်ပွဲရလဒ်များသည် ရွေးကောက်တင်မြှောက်သူတို့၏ ဆန္ဒကိုအမှန်တကယ်ကိုယ်စားပြုထင်ဟပ်နေသည်” ဟုတွေ့ရှိကြောင်းထုတ်ပြန်သည်။

မဲပြားကိုင်ဆောင်ထားသူ ဓာတ်ပုံ - အောင်ရှိန်းဦး (အေပီ)
၂၀၂၀၊ နိုဝင်ဘာ ၈ ရက်၊ မြန်မာနိုင်ငံ၊ နေပြည်တော်ရှိ မဲရုံတစ်ခုတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတစ်ဦး မဲလက်မှတ်တစ်ခုကိုပြသနေစဉ်။ – အောင်ရှိန်းဦး (အေပီ)

အလားတူပင်  ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီကို ပံ့ပိုးပေးနေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အတ္တလန်တာ အခြေစိုက် ကာတာစင်တာကလည်း “မဲဆန္ဒရှင်များသည် မဲရုံများ၌ ၎င်းတို့၏ဆန္ဒများကို လွတ်လပ်စွာထုတ်ဖော်ပြသ နိုင်ခဲ့ပြီး ၎င်းတို့၏ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြကြောင်းတွေ့ရှိရသည်” ဟုပြောကြားသည်။

အာဏာသိမ်းပြီးချိန်ကစ၍ စစ်အာဏာရှင်သည် ဆန္ဒပြမှုများနှင့်အခြေခံလွတ်လပ်မှုများအပေါ် ဦးဆောင်၍ အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ကလေးငယ်များအပါအဝင် လူပေါင်း ၁၃၀၀ ကျော်သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်က လူပေါင်း ၉၉၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခဲ့ရာ နိုင်ငံတကာကကန့်ကွက်ရှုတ်ချ ခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရန် အမေရိကန်ပြည်ထောင်စုက စစ်အာဏာရှင်ကို ဆက်လက်တောင်းဆိုခဲ့သည်။ စက်တင်ဘာ ၂၃ ရက်ကကုလသမဂ္ဂတွင် နိုင်ငံတကာမိတ်ဖက်များနှင့်တွေ့ဆုံရာ၌ စစ်အာဏာရှင်ကို ၎င်း၏အကြမ်းဖက်မှုများ ရပ်တန့်ရန်အရေးပေါ်ဖိအားပေးရန်လိုအပ်နေပြီဖြစ်သည့်အကြောင်း ဝန်ကြီးဘလင်ကန်နှင့် အမေရိကန်တာဝန်ရှိသူများက အထူးအလေးပေးပြောကြားခဲ့ကြသည်။

သမ္မတဘိုင်ဒင်က မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရန် အောက်တိုဘာ ၂၆ ရက် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်းတောင်းဆိုခဲ့ပြီး စစ်အာဏာရှင်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုကို ချီးကျူးပြောဆိုခဲ့သည်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန် အောက်တိုဘာလ ၂၅ ရက်က မြန်မာ့ ဒီမိုကရေစီလိုလားသူများဖြစ်ကြသည့် အမျိုးသားညီညွှတ်ရေးအစိုးရကိုယ်စားလှယ်များနှင့်တွေ့ဆုံရာတွင် “မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုများအတွက် အမေရိကန်ပြည်ထောင်စု၏ ဆက်လက်ထောက်ခံအားပေးမှုကို အထူးအလေးပေးပြောကြားခဲ့သည်”။

နိုင်ငံတကာမိတ်ဖက်များနှင့်လက်တွဲညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုသည် အကြမ်းဖက်မှုအတွက်တာဝန်ရှိသော မြန်မာစစ်တပ်တာဝန်ရှိသူများနှင့် ၎င်းတို့ကို ထောက်ခံအားပေးသောကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့သည်။ သတင်းထောက်များအပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေးအတွက်လည်း ဒါဇင်နှင့်ချီသော နိုင်ငံများနှင့်အတူ မြန်မာစစ်တပ်ကို တိုက်တွန်းတောင်းဆိုရာတွင်ပါဝင်ခဲ့သည်။

၂၀၂၀ အောက်တိုဘာမှ ၂၀၂၁ စက်တင်ဘာအထိ အမေရိကန်ပြည်ထောင်စုသည် ဖိနှိပ်ညှဉ်းပမ်းမှုများနှင့် အကြမ်းဖက်မှုများကြောင့် ဒေသတွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူများနှင့် ၎င်းတို့ကို လက်ခံစောင့်ရှောက်ပေးနေသည့်အသိုက်အဝန်းများအပါအဝင် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၄၃၄ သန်းကျော် (PDF, 404KB) အကူအညီ ပေးအပ်ခဲ့ပြီးဖြစ်သည်။